ကျွန်တော့် samsung galaxy s korea version (SHW-M110S) v2.3.6 ကို root ဖောက်ဖို့အတွက်တော်တော်လေး ကြိုးစားလိုက်ရပါတယ်။ version 2.3.6 မှာ ဘယ်လိုမှ root ဖောက်မရဖြစ်နေပါတယ် ။ 2.3.6 ကို kernal ချိန်းလိုက်တော့ OS မတက်တော့ပဲ firmware သေသွားခဲ့ပါတယ်။ အဲ့တော့ ဘယ်လိုလုပ်ကမလဲ ? ဟုတ်ကဲ့ပါ version တစ်ခုပြန်နှိမ့်လိုက်ပါ ။အဆင်ပြေပါတယ်။
ကဲ အဲ့တော့ ကျွန်တော့်တို့ version 2.3.5 ပြန်ဆင်းလိုက်ရအောင်။ version 2.3.5 ပြန်ဆင်းဖို့ ဒီ firmware လေးကိုဒေါင်းလိုက်ပါဦး ။
အော် အခုလို root အဆင်ပြေပြေလုပ်နိုင်ဖို့အတွက် mediafire ကနေ လင့်တွေကို လွယ်လင့်တကူ ဒေါင်းနိုင်အောင် ကူညီပေးတဲ့ Ko Aung BoBo Lwin , Ko Innocent Love နှင့် MMUG ၀ိုင်းတော်သားများအား အများကြီးကျေးဇူးတင်ပါတယ်။
Download firmware V 2.3.5
ကဲဒေါင်းပီးရင် firmware တင်ဖို့လုပ်ငန်းစပါမယ်။ odin ကိုဖွင့်လိုက်ပါ ။ဖုန်းကို Download Mode ၀င်ပေးပါ။ Power + Home ကိုဖိနှိပ်ထားပေးပါ။ download mode ၀င်သွားပါလိမ့်မယ်။ သူရဲ့ recovery mode ၀င်နည်းကတော့ vol down + power + home ပါ(လိုရမယ်ရပေါ့ )
Download mode ရောက်ပီဆိုရင် ဖုန်းကို computer နဲ့ကြိုးချိတ်လိုက်ပါ။ ဖုန်းကို odin ကသိပြီးဆိုရင် အ၀ါရောင် မီးလေး လင်းလာမှာပါ။
odin ရဲ့ PDA မှာ firmware ဖိုင်လေးကို ထည့်ပေးလိုက်ပါ။
ပြီးရင် start ကိုနှိပ်လိုက်ပါ။ odin က firmware ကို စတင်သွားပါလိမ့်မယ်။ အားလုံးပီးသွားရင်တော့ odin မှာ pass ပြပါလိမ့်မယ်။
ကဲဒါဆိုရင်တော့ ဖုန်းကို computer နဲ့ချိတ်ထားတာပြန်ဖြုတ်လိုက်ပါ။
firmware တက်လာတာကို မြင်တွေ့ရမှာပါ။ about version မှာ တစ်ချက်လောက်သွားစစ်ပေးပါ။ 2.3.5 ဖြစ်သွားတာကို မြင်တွေ့ရပါမယ်။
ကဲဟုတ်ပီ root ဖောက်ဖို့အတွက် ဇာတ်လမ်းဆက်ရအောင်။ root ဖောက်ဖို့အတွက် အရင်ဆုံး kernal ချိန်းရပါမယ်။ အောက်ကကောင်လေးကိုဒေါင်းလိုက်ပါ။
Download Here
ဒီကောင်လေးကတော့ kernal ချိန်းပီးရင် root ဖောက်ဖို့အတွက်ပါ။
Download Here
အားလုံးဒေါင်းပီးရင် odin ကိုပြန်ဖွင့်လိုက်ပါ။ odin ကိုခုနကအတိုင်းပဲ အပေါ်မှာ ဒေါင်းထားတဲ့ kernal ဖိုင်လေးကို ဖုန်းကို download mode ပြန်ဝင်ပီး အပေါ်က firmware တင်သလိုပဲတင်လိုက်ပါ။
ပီးရင် ဖုန်းပြန်တက်လာရင် ဒီပုံလေးကို တွေ့မြင်ရမှာပါ။
စိတ်မပူပါနဲ့ ခဏစောင့်လိုက်ပါ။ OS ဆက်တက်လာပါလိမ့်မယ်။ V 2.3.6 မှာ သွားလုပ်မိရင်တော့ ဆက်မတက်ပဲ အဲ့နားတင်လည်နေမှာပါ။ V 2.3.5 မှာတော့အဆင်ပြေပါတယ်
ပီးရင်တော့ အပေါ်မှာ နောက်ဆုံးဒေါင်းထားတဲ့ apk ဖိုင်လေးကို ဖုန်းထဲကို install လုပ်လိုက်ပါ။ ပီးရင် apk လေးကိုဖွင့်လိုက်ပါ။
enable tegrak lagfix(all) ဆိုတာကို တစ်ချက်နှိပ်ပေးပါ comfirm တက်လာရင် yes လုပ်လိုက်ပါ။ ဖုန်းက reboot ကျသွားပီး apk လေးက သူ့ဟာသူ အလုပ်လုပ်သွားမှာပါ။
စောင့်နေလိုက်ပါ။ ဘာမှမနှိပ်ပါနဲ့ ကြာချိန် ၃ မိနစ်သာသာလောက်တော့ရှိမှာပါ ။ OS သူ့ဘာသာ ပြန်တက်လာပါလိမ့်မယ်။
ြ့ပန်တက်လာရင် ဖုန်းမှာ super user ပေါ်လာတာ မြင်တွေ့ရမှာပါ။ ပီးရင် apk ထဲပြန်ဝင်လိုက်ပါဦး။ enable rooting ဆိုတာကို တစ်ချက်နှိပ်ပေးပါ။ ပီးရင် ဖုန်းကို reboot တစ်ခေါက်လောက်ထပ်ချလိုက်ပါ။ ပြန်တက်လာရင်တော့ super user ဖြစ်သွားပါပီ ။ ကြိုက်သလို ကလိနိုင်ပါပီ
ပုံတွေက တွေ့ကရာ ယူသုံးတယ်တယ်နော်။ ဒီနေ့တနေကုန်မီးပျက်နေတော့ အခုပို့စ်လေးကို အင်တာနက်ဆိုင်ကနေလာတင်ရတာဆိုတော့ အဆင်မပြေလို့နားလည်ပေးစေချင်တယ်
ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထားသော ပို့စ်ဖြစ်သည်။
Post By Hein Maung (MLM)
0 comments:
Post a Comment